Wednesday, August 26, 2009

နော်ဝေ မူကြိုမှာ ဘာတွေသင် (၁)


photo; http://www.nord-salten.no/

(၁)

မူကြိုကျောင်း ဟု ပြောလိုက်သည်နှင့် အချို.က ကိုယ့်ကလေးတွေကို အညစ်အကြေး သုတ်သင် မငိုအောင်ထိန်း၊ မိဖ လာခေါ်တော့ ပြန်ထည့်ပေးလိုက်ရုံဟု ထင်မြင်သည့် သူများရှိ သလို မူကြိုကျောင်းသည် မိမိကလေးများကို စာပေကျော်များ အဖြစ် သင်ကြားပေးမည့် တက္ကသီလာ တစ်ခု အဖြစ် မြင်ကြ ပါသည်။ ဒါကြောင့်လည်း မြန်မာပြည်တွင် မူကြိုအပြီး ကျူရှင်ပို. ရသည့် မူကြို ကျူရှင်များ မြန်မာပြည်တွင် အစီအရီ ရှိနေကြခြင်းဖြစ်သည်။ မူကြိုကျူရှင် ရှိတယ် ဟုတ်လား ဟု မယုံမကြည် မေးကြည့်သည့် အခါ ဟုတ်မှန်ကြောင်းနှင့် မူကြိုကျောင်းက မနက် (၈) နာရီ တက်တယ်၊ ညနေ (၃) နာရီ ဆင်းတယ်။ ညနေ (၃) နာရီ ခွဲ ကနေ ည (၇) နာရီ အထိ မူကြို ကျူ ရှင် ပို.တယ် ဆိုသဖြင့် ကိုယ့်နဖူး ကိုယ့်ရိုက်လောက်အောင် အံသြ ခဲ့သည်။ ကလေးတွေကို တတ် စေခြင်လွန်းလို. မိဖတွေက အဲလောက် အင်တိုက်အားတိုက် သင်ကြားနေတာလား။ ကလေး တွေ လူကြားသူကြားထဲ စာရွတ်၊ ကဗျာရွတ်သည့် အသံတွေ.ရဲ. အောက်မှာ ပီတိ တဖြာဖြာ နဲ. နေခြင် လို.လား။ ကျနော် မစဉ်းစားတတ်။ သေခြာသည်က ထိုကလေးငယ် လေးများ သည် အရွယ်နှင့် မလိုက်အောင် ပင်ပန်းကြီး ပင်ပန်းကြ လိမ့်မည် ဆိုတာပင်။

(၂)

နော်ဝေ နိုင်ငံ၏ မူကြိုကျောင်း ဥပဒေ၌ မူကြိုကျောင်းများ၏ ရည်ရွယ်ချက် ကို ဖွင့် ဆိုရာတွင် မူကြို ကျောင်းသည် မူလတန်း အဆင့် သင်ကြားမည့် အရွယ်သို. ဦးတည်သည့် ကလေး များ၏ တိုးတက်ဖွံဖြိုးမှု နှင့် ၀ါသနာ သက်ဝင်မှုများ ကို အထောက်အပံ ဖြစ်စေရန်အတွက် ကလေး၏ အိမ်နှင့် နီးနီးကပ်ကပ် နားလည်မှုရှိရှိ စီမံ ဆောင်ရွက်မည်။ မူကြိုကျောင်းသည် ကလေးများကို ခရစ်ယာန် တန်ဖိုးနှင့် အညီ ကြီးပြင်းမှုကို အထောက်အကူပြု သွားမည် ဟုပြဌာန်းထားသည်။

ကျနော့်သမီး (၂)နှစ် ကျော်ကျော်က ရန်ကုန်က ခရစ်ယာန် မူကြို တစ်ခု၌ ကျောင်းထားဘူးသည်။ သူ. အမေ ကျောင်းကြိုပြီး လမ်းလျောက် အပြန် ကားလာနေသဖြင့် သမီးကို ကားလာနေတယ် သတိထား။ ကားတိုက်ရင် သေတတ်တယ်နော် ဟု ပြောရာ သမီးက အမေ….. ဘာမှ မပူနဲ. သေပြီး (၃)ရက်နေရင် ပြန်ရှင်တယ် ဟု ဆိုသဖြင့် မူကြိုကျောင်းက ခရစ်တော် အကြောင်း ပြောပြ ထား သည်ကို သဘောပေါက် ကြလိုက်သည်။ ဗုဒ ဘာသာဝင် ကျနော်တို. မိသားစု လည်း ဘာသာရေး အယူဝါဒများ သိမ်းသွင်းခံရမည်လားဟု အနည်းငယ် စိုးရိမ်မိသည်။

မူကြိုကျောင်းများတွင် ကျင့်သုံးသည့် အခြေခံ တန်ဖိုး

နော်ဝေက မူကြိုကျောင်း များ၏ အခြေခံတန်ဖိုး က ခရစ်ယာန် ဘာသာ ကို အခြေခံသည်။ သို.ဖြစ်လျင့် အစောက ကျနော် ပြောခဲ့သည့် အတိုင်း မူကြိုကျောင်းမှာ ခရစ်ယာန်ဝါဒတွေများ သင်ကြားနေ မလားဟု ထင် လိမ့်မည်။ နော်ဝေ နိုင်ငံသည် နွေရာသီတွင် မိုးမချုပ်၊ သန်ကောင်ယံ တွင် နေထွက် သည် ဆိုသည့် ရှားရှားပါးပါး နိုင်ငံတစ်ခု ဖြစ်သကဲ့သို. ရှားရှားပါးပါ ခရစ်ယာန် နိုင်ငံလည်း ဖြစ်သည်။ နိုင်ငံက ခရစ်ယာန် နိုင်င၊ံ နိုင်ငံသား အတော်များများက ဘုရားကျောင်းကို

မင်္ဂလာဆောင်ရှိမှ သာရောက်သည်။ ခရစ်စမတ် နေ. ၀န်းကျင်မှာ ဆိုင်တွေပိတ်သည်။ ခရစ်ယာန် နိုင်ငံ ဆိုပေမည့် ခရစ်စမတ်နေ. မှာ မြို.ထဲ လူမရှိသူမရှိ တိတ်ဆိပ်နေသည်။ ကမ္ဘာပေါ်တွင် ပျင်းစရာ အကောင်းဆုံး ခရစ်စမတ်ပွဲ ကျင်းပ မည်ဆိုလျင် နော်ဝေ ၌ လာဆင်နွဲသင့်သည်။ သို.ဆိုလျင် မူကြိုကျောင်းများတွင် ကျင့်သုံးသည့် ခရစ်ယာန်ဘာသာကို အခြေခံသည့် အခြေခံ တန်ဘိုး က ဘယ်လိုများပါ လိမ့်ဟု မေးစရာဖြစ်သည်။

မူကြိုကျောင်းများတွင် ကျင့်သုံးသည့် အခြေခံတန်ဘိုးမှာ

(၁) သနားကြင်နာမှု (သို.) ဂရုဏာ

(၂) ခွင့်လွတ်တတ်မှု

(၃) ရိုးသားမှု

(၄) တရားမျှတမှု

(၅) လူမှုအဖွဲ.အစည်းပေါ် တာဝန်ရှိမှု

ကျနော်သမီးလေး နော်ဝေမူကြိုကျောင်းမှာ တစ်နှစ်တက်ရသည်။ သမီး မူကြိုကျောင်းတက် သည့်တစ်နှစ်လုံး ဘာသာရေးနှင့် ဆိုင်သည့် စကားများ တစ်ခါမှ မကြားခဲ့။ ကျနော် နော်ဝေ မူကြိုမှာ မူကြိုကျောင်း လက်ထောက်အဖြစ် သုံးနှစ် နီးပါး အလုပ်လုပ်သည်။ ကျနော်လည်း တစ်ခါမှ ဘာသာရေး စကားများ မကြားဘူး။ ကျင့်သုံးသည့် အခြေခံတန်ဘိုးက ခရစ်ယာန် ဘာသာကို အခြေခံ သော်လည်း ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရား အမြင်များကို သာ သင်ကြားခဲ့ ရသည်။

အခြေခံ တန်ဘိုးများကို ဘယ်လိုသင်ကြားသလည်း။

နုတ်ဆက်ဖြင်းဖြင့် နေ.တနေ.ကို စလို.

မူကြိုကျောင်းများက မနက် (၇) နာရီ ၀န်းကျင် ဖွင့်ပြီး ညနေ (၄)နာရီ ပိတ်ကျသည်။ မိဖများ. လုပ်ငန်းခွင် (သို.) ကျောင်းအချိန်နှင့် ချိန်ဆပြီး ကလေးများကို မူကြိုသို. ပို.သည်။ မနက် ကျောင်းလာ ပို.သည်နှင့် တာဝန်ကျ လက်ထောက် (သို.) ဌာနခွဲ တာဝန်ခံ ဆရာ မှ ကလေးနှင့် မိဖ ကို မင်္ဂလာပါ မနက်ခင်းပါ အစချီပြီး နုတ်ဆက် ကျသည်။ ထိုသို. နုတ်ဆက်မှု ကလည်း ကော်လံဖား နုတ်ဆက်ခြင်း မဟုတ်။ မိဖတို. ကလေးအပ်ပြီး ပြန်ထွက်သွားသည့် အခါတိုင်းလည်း ကောင်းသောနေ.ဖြစ်ပါစေ အစရှိသဖြင့် နုတ်ဆက်ကြသည်။ မင်္ဂလာသုတ်ကို ခုနှစ်သံချီ အော်ဟစ် ဆိုပြီး၊ နောက်မှ မအေနှစ်မ ကိုင်တုတ်သော ဖါရိရှယ် ၀ါဒ လိုမဟုတ်။ ကလေးများကို ယဉ်ကျေး သိမ်မွေ.စေသည့် သင်ကြားနည်း တစ်မျိုးဖြစ်သည်။ (ကျနော်တို. မြို.တွင် မြန်မာပြည် ကျေးလက်မြို. များ လို မျက်မှန်းတန်း မိပါက နုတ်ဆက်သလို လူတိုင်း နည်းပါး လူမရွေး၊ အရောင် မရွေး နုတ်ဆက်ကြသည်။ )

ကလေးတွေကို အမှန်အတိုင်းပြော၊ ဘယ်တော့မှ မလိမ်နှင့်

ကလေး အပ်ပြီး မိဖများ ကျောင်းက ထွက်သည့် အခါတိုင်း သားရေ သွားတော့မယ်၊ ညနေ အဖေ လာကြိုမယ်နော် စသည်ဖြင့် နုတ်ဆက်ပြီး မှ သွားသည်။ မည်သည့် မိဖမှ အဖေ မုန်.မုန်. သွားဝယ်အုံးမယ်။ ပြီးရင်လာခေါ်မယ်၊ ဆိုပြီး ကလေးကို လိမ်ပြီး ထားခဲ့သည်. မိဖ မရှိ။ မူကြိုကျောင်းများ တွင် ကလေးကို မလိမ်ပါနှင့် ဆိုသည်. မူကို တင်းတင်းကြပ်ကြပ် ကျင့်သုံးသည်။ ဘယ်အကြောင်းနှင့်မှ ကိုယ်ခလေး ကိုယ်မညာမိအောင် ကျိုးစား ဖို.လိုသည်။ လူတယောက် အနေဖြင့် ကိုယ့်မိဖ တောင် ကိုယ်မယုံရလျင် အရာရာ အားလုံးကို သံသယ ဖြစ်စရာ ဖြစ်နေ လိမ့်မည်။ ဒီက လူအတော်များများက နူးနူးညံညံ ပြုမှု တတ်သော်လည်း လိုအပ်ပါက ခပ်မာမာ ဘူးခံတတ်ကြသည်။ ဆိုလိုသည်မှာ ကလေးများနှင့် မသင့်တော သော အ၀တ်၊ အစား၊ အခြေအနေ တို.ကို ကလေးတို. တောင်းဆိုလာပါက နောက်မှဝတ်၊ အိမ်ပြန်ရောက်မှစား ဆိုပြီး လိမ်ပြီးခေါ်၊ ညာပြီးကြွေးသည့် အလုပ်များ လုပ်ဝ မလုပ်။ မရဘူး။ အလုပ်ရဘူး၊ ဆိုပြီး ခပ်မာမာ ဆက်ဆံသည်။ အကျိုးအကြောင်းပြောရက်နှင့် လိုခြင်တာမရလို. ကလေး သေလောက်အောင်ငို၊ မိဖ တိုကတော့ ဘူးဆို ဖရုံမသီး။


ကျေးဇူးပြုပြီး၊ ကျေးဇူးတင်ပါတယ်။

အစာစားချိန်တိုင်း ကလေးက ပေါင်မုန်. ကုန်သွားလို. နောက်တစ်ချပ် လိုခြင်သည့် အခါတိုင်း ကျေးဇူးပြုပြီး ပေါင်မုန် နောက်တချပ်ရ နိုင်မလား၊ ဆိုပြီး မေးတတ်အောင် သင်ကြားပေးသည်။ ပစ္စည်းတစ်ခု ရသည့် အခါတိုင်း ကျေးဇူးတင်ပါတယ် ဟု ပြောတတ်အောင် လည်း သင်ကြား ပေးသည်။

ကိုယ့်တာဝန်ကိုယ်ယူ။

အစာစားပြီး သည့် အခါတိုင်း မိမိ အသုံးပြုသော ပန်းကန်၊ ခရင်း၊ ဓါး၊ ရေခွက်တို.ကို မိမိဖါသာ သိမ်း အောင် လေ့ကျင့်သင်ကြားပေးသည်။ မြိုတော်ဝန် သည်ပင်လျင် မိမိကော်ဖီခွက် မိမိဆေး၊ မိမိ စားပြီးသားပန်းကန် ရေကျင်း၊ စက်ထဲထည့်သည်။ မက်ဒေါ်နယ် လို ဆိုင်မျိုး နှင့် ကန်တင်း တိုင်းလိုလို ကိုယ့်စားပွဲ ကိုယ်ရှင်း၊ ကိုယ်အသုံးပြုပြီးသည့် ပန်ကန်ခွက်ယောက် များ ကိုဆေးမည့် နေရာ ပု.ိရသည်။ မိုးရွာလျင် ၀န်ကြီးချုပ် က အစ အစိုးရအဖွဲဝင် တိုင်း ကိုယ့်ထီးကိုယ် ဆောင်း ရသည်။ ပိုက်ဆံနှင့် အာဏာရှိလို. လူတွင်ကျယ်လုပ်လိုသူများ အတွက် နော်ဝေနိုင်ငံသည် အတော်ကို မသင့်တော်သည့် အရပ်ဖြစ်သည်။

(ဆက်လက် တင်ပြပါမည်။)

အကိုးအကား

(၁) Kingergarten Act

() မူကြိုလက်စွဲ

() Oppdragelse til hva? - Trond Kristoffersen

() Early Childhood education and Care Policy (Ministry of Education And Research)

Saturday, August 22, 2009

သမီးသိသင့်တဲ့ အချိုရည်တွေရဲ. ခါးသက်မှု



သမီးရေ
ပူအိုက်တဲ့ ရာသီရောက်ရင် ကြီးကြီးငယ်ငယ် လူသူမရွေး နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြတဲ့ အချိုရည် တွေ အကြောင်းနည်းနည်း ပြောပြခြင်တယ်နော်။
ဖန်တာ၊ ကိုလာ၊ စပရိုက် လို ကာဗွန်နစ် အချိုရည်တွေက တကယ်ဆိုရင် လူတွေရဲ. ကျန်းမာရေး အတွက် တ ကယ့်ကို မသင့်လို.ပါ သမီးရယ်။ ဒါဆိုရင် သမီးလေးက ဖေဖေကလည်း တပါတ်မှ တစ်ခါလောက် သောက်ခွင့်ရတဲ့ အချိုရည် ကို တားမြစ်ခြင်နေပြီလား လို. နုတ်ခမ်းလေး ဆူပြီး မေးတော့ မယ်မဟုတ်လား။
သမီးရယ်…… မိဘဆိုတာ ကိုယ့်ကလေး တွေ ပျော်တာပဲမြင်ခြင်တာပေါ့။ ဒီအချိုရည်တွေက ကလေးမပြောနဲ. လူကြီးတွေ အတွက်တောင် မသင့်တော် တာမို. ချိန်ဆပြီး ခွင့်ပြုရတာပါ။ ဒါကြောင့်လည်း နော်ဝေ က မိဖတွေက ကလေးငယ်တွေရဲ. တောင့်တမှုကိုလည်း ချုပ်တည်း တယ်လို. မဖြစ်အောင် ဘေး လည်းမသင့်အောင်လို. စနေ နေ. တရက် ကို ချိုချည်နဲ. အချိုရည် သောက်သုံးရတဲ့ နေ. လို.သတ်သတ် မှတ်မှတ် ခွင့်ပြုထားတာပေါ့။

သမီးရေ
သဘာဝ တရားကြီးက လူတွေရဲ. သွားအပေါ်လွာမှာ Enamel လို.ခေါ်တဲ့ ကြွေလွာ နဲ. သွားတွေ ပိုးမစားရလေအောင် အကာကွယ်ပေးတပ်ဆင် ထား ကြလေရဲ.။ ဒီ ကြွေလွာတွေ ပျက်သုံးသွားရင် သမီးရဲ. သွားတွေမှာ ရေသောက်တာတောင် ကျဉ် တတ်တဲ့ အခံရ ခက်တဲ့ ဝေဒနာ ဖြစ်လိမ့်မယ်။ အဲဒီ ကြွေလွာ တွေ ပျက်ဆီးရတဲ့ အကြောင်းတစ်ခုထဲမှာ အချိုရည် သောက်သုံးမှု တစ်ခု လည်းပါ တာပေါ့။ ဒီအချိုရည်တွေ ထဲမှ အက်ဆစ်ဓါတ် ပမာဏ ကို ပြတဲ့ Ph ဆိုတဲ အမှတ် အသား ပါတယ်။ တကယ်ဆိုတော့ Ph ပမာဏ နည်းလေလေ၊ အက်ဆစ်ဓါတ်များ လေလေပဲပေါ့။ ဘက်ထရီထဲ ထည့်တဲ့ အက်ဆစ် ဟာ အ၀တ် အစားနဲ. ထိရင် ပေါက်ပြဲတတ် တာကို သမီး သိမှာပေါ့။ ဘက်ထရီ ထဲက အက်ဆစ် ဟာ Ph အဆင့် တစ်ပါ။ အချိုရည် တွေ Ph ပါဝင်မှု နူံး ကို ကြည်တဲ့ အခါ ၂.၅ နဲ. ၃ အဆင့်လောက် ပါဝင်တာမို. ဘက်ထရီထဲက အက်ဆစ်ထက် နည်းနည်းပဲ ပျော့တယ်။ သမီးရဲ. သွားကြွေလွာ ကို ဖျက်ဆီး နိုင်တဲ့ အက်ဆစ်ပမာဏ ဟာ ၅.၅ ဖြစ်တာမို. အချိုရည်တွေပါတဲ့ အက်ဆစ်က သမီးသွားတွေကို ဒုက္ခ ပေးမှာပေါ့။ လှတပတ သမီးလေးတယောက် သွားပိုးစားလို. မလှမပ ဖြစ်သွားမှာကို ဖေဖေ မကြည့်ခြင်ဘူး သမီး။

သမီးရေ
အချိုရည်ထဲမှာ ပါတဲ့ ဖေါ့စဖိုရစ် အက်ဆစ် (phosphoric acid) နဲ. ကာဘွန် ဒိုင်အောက်ဆိုဒ် (carbon dioxide) ဓါတ်တွေက အစာအိမ်ထဲ ရောက်ရင် အစာခြေမှု ကို ဟန်.တား လို. အစာမကြေ၊ ရင်ပြည့် တာတို. ဖြစ်တတ်တယ် သမီးရေ။ နောက် ဖေါ့စဖိုရစ် အက်ဆစ် က အရိုးတွေ ထဲက ထုံးဓါတ် တို. ကယ်လီဆီယမ် ဓါတ် တို.ကို ဖျော်ထုတ် လိုက်တဲ့ အတွက် ကြာရင် အရိုးပျော့ရောဂါ (osteoporosis)ရောဂါ ဖြစ်လိမ့်မယ်နော်။ သမီး အရိုးတွေ ပျော့ခွေနေရင် သမီး ဘယ်လို ရေကူးနိုင် မှာလည်း၊ ဘယ်လို. လမ်းလျောက်နိုင်မှာလည်း။ နောက်ဆုံး ဖျော်ထုတ်လိုက်တဲ့ ကယ်လီဆီ ယမ် တွေက သမီးရဲ. ကျောက်ကပ်ထဲ စုပြီး၊ ကျောက်ကပ်မှာ ကျောက်တည် ရင်…… ဘယ်လောက် နာကျင်နေမှာ လည်းဆိုတာ သမီး ခန်.မှန်းကြည့်ပေါ့။ နောက် အချိုရည်များများ သောက်ရင် အ၀ လွန်မှု(obesity) ဖြစ်တတ်လို. မော်ဒယ် ပိန်ပိန်လေး ဖြစ်ခြင်တဲ့ သမီးလေး ဘုတ်ပွ မလေး ဖြစ်သွားရင်.....

သမီးရေ
ဖေဖေတို. ငယ်ငယ် တုံးက နေမကောင်းတဲ့ လူကို ကြည့်ပြီး အားကျ တတ်တာ တစ်ခု ရှိတယ်။ ဘာလည်းဆိုတော့ နေမကောင်းတဲ့ ကလေးကို သမီး ဖွားဖွားက ဘိလပ်ရည် (ကရင် ဆိုဒါ) ၀ယ် တိုက်တာကို။ ဒါက မြန်မာပြည်က အချိုရည် တစ်ခုရဲ. နံမည်ပါပဲ။ နေမကောင်းတဲ့ ကလေးက ဘာအစာကိုမှ မစားခြင်ပဲ ကာဗွန်နစ် အချိုရည် သောက်တဲ့ အခါ အဲဒီ အချိုရည်ထဲမှာ ပါတဲ့ ကဖင်း (caffeine) ဓါတ် ဟာ ဆီးများများ သွားစေတာမို. ခန္ဒာကိုယ် အတွင်း အရည်ဓါတ် ခြောက်ခန်းမှု (Dehydration) ဖြစ်တတ်တယ်။ အချိုရည်ထဲမှာ ကဖင်း ဟာ ၃၀ ကနေ ၄၀ မီလီ ဂရမ် ပါတတ် တယ်။ လူကြီး တယောက် အတွက် ဘာမှ မဟုတ်ပေမဲ့ သမီးတို.လို ကလေးတွေ အတွက်တော့ အန္တရယ် ကြီးတာပေါ့။

သမီးရေ
မသင့်တော်မှန်း ဖေဖေ သိရက်နဲ. ဘာဖြစ်လို.သမီးကို အတင်းအကြပ် မတားဆီး ရတာလည်းလို. မမေး ခြင်ဘူးလား။ ကြီးတဲ. လူက ငယ်တဲ.လူကို အကျိုးအကြောင်း မပြပဲနဲ. အတင်း အကြပ် တားမြစ် တယ်ဆိုရင် ကြောက်နေတုံး၊ ချစ်နေတုံး တော့ နားထောင် မှာပေါ့်။ ဒါပေမဲ့ ကိုယ်ကိုယ် တိုင်က ဘာကြောင်. ကောင်းတယ်၊ ဘာကြောင့် မကောင်းရတယ် ဆိုတဲ့ ပညာဥာဏ် သဘော တရားသိမှ သာ သမီးကိုယ်တိုင် ရှောင်လွဲ တတ် မှာ မဟုတ်ဘူး လား သမီးရယ်။

ချစ်မ၀ ရဲ. ဖေဖေ

အကိုးအကား
• Soft drinks and children by Dr. Parang Mehta.
• Caffeinated drinks. (B.B.C health)
• သတိထား သင့်သည့် အချိုရည် (ဒေါက်တာ ဥာဏ်)