သမီးက ကျောင်းက ပြန်လာတော့ ကျနော့်ကိုအကြောင်းအရာ တစ်ခုပြောတယ်။ မနှစ် ဒီဇင်ဘာက။ အဖေ အမေရိကားမှာ သမတ ရွေးပွဲ လုပ်နေတယ်တဲ့။ အခု ဘားရက် အိုဘားမား နဲ. ဂျွန်မက်ကိန်းတို. အပြိုင်မဲရွေးတာ ဘားရက်အိုဘားမား က နိုင်သွားတယ်။ လက်ရှိသမတက ဘုတ်ရှ်တဲ။ လာမဲ. ၂၀၀၉ ဆိုရင် ဘားရက် အိုဘားမားက သမတဖြစ်တော့မယ်။ တတိယတန်းခလေးက ကျနော့် ကိုအဲလိုရှင်းပြတော့ ကျနော်လည်း နဲနဲ ဖြုံသွားတယ်။ ဒါနဲ. သမီးက ဆက်မေးတယ်။ မြန်မာပြည်က သမတက ဘယ်သူလည်းဖေဖေ။ ကျနော်က သူနားလည် မယ်ထင်တဲ့ ဥပမာ နဲ. ရှင်းပြလိုက်တယ်။ နားလည်တယ် နားမလည်ဘူး ကတော့ အတော်ခက်တယ်ဗျာ။ တကယ်လို. များ မိတ်ဆွေတို. ခလေးက အဲလိုမေးရင် ခင်ဗျားတို. ဘယ်လို ရှင်းပြ မလည်းဆိုတာနဲ. ကျနော်ဘယ်လို ရှင်းပြ သင်.သလည်းလို. တဆိတ်လောက် အကြံပေးပါလား ဗျာ။
လေးစားစွာဖြင့်
ချစ်မ၀ ဖေဖေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment