Sunday, February 15, 2009

ကာနီဗယ်လ် ပွဲတော်

သောက်ကြာနေ.က ကျောင်းမှာ ကာနီဗယ်လ် ပွဲလုပ်တယ်။ ကာနီဗယ်လ် မှာ အတော်များများက ၀တ်စုံးအမျိုးမျိုး ၀တ်ကြတယ်။ ပင်လယ်ဒမြ၊ စပိုက်ဒါမန်း၊ စူပါမန်း စတာတွေ ၀တ်ကျတယ်။ သမီးတို.ကျောင်းမှ ကပွဲရှိတယ်။ သမီးက မင်းသမီး (ခလေးပေါက် စလေး )လုပ်ရတယ်။ ဖေဖေနဲ. မေမေက ချိုလိမ်နဲ. ကလေး နို.ဘူး ၀ယ်ပေးတယ်၊ ခေါင်းမှာလည်း သရဖူ ဆောင်းရတယ်။ ဇတ်ခုံပေါ်မှာ ဘေဘီ ပရင်းဆက် က ချိုလိမ်နဲ. နို.ဘူး စို.ပြီး ပြဇတ်ကရတာ တအားရီးဖို. ကောင်းတယ်။

Monday, February 9, 2009

သမီး ရဲ.သောက်ကြာနေ.က စာမေးပွဲ အဖြေဒီနေ.ရတယ်

သမီးက ဒီနေ. အရမ်းပျော်တယ်လို. ခနခန ပြောတယ်။ စာမေးပွဲဖြေတာ တခုမှ မမှားခဲ. ဘူး။ မြန်မာပြည်ကလာတဲ့ သမီးလေးက ဒီနိုင်ငံပေါက် ခလေးတွေကို ကျော်တက်နိုင်ခဲ့တယ်။ မေးတဲ့ ပုစာ အားလုံးမှန်တဲ့ အပြင် အပိုပုဒ်စာတောင် တစ်ခုမှ မမှားဘူးဗျ။ ကျနော်က နာ့တမီးလေး လို. အသံမပီအောင် ပြောလိုက်တော့ သူက သဘောကျလိုက်တာ...........

Sunday, February 8, 2009

ကျနော် အဖြေခက်သည့် မေးခွန်းတစ်ခု

သမီးက ကျောင်းက ပြန်လာတော့ ကျနော့်ကိုအကြောင်းအရာ တစ်ခုပြောတယ်။ မနှစ် ဒီဇင်ဘာက။ အဖေ အမေရိကားမှာ သမတ ရွေးပွဲ လုပ်နေတယ်တဲ့။ အခု ဘားရက် အိုဘားမား နဲ. ဂျွန်မက်ကိန်းတို. အပြိုင်မဲရွေးတာ ဘားရက်အိုဘားမား က နိုင်သွားတယ်။ လက်ရှိသမတက ဘုတ်ရှ်တဲ။ လာမဲ. ၂၀၀၉ ဆိုရင် ဘားရက် အိုဘားမားက သမတဖြစ်တော့မယ်။ တတိယတန်းခလေးက ကျနော့် ကိုအဲလိုရှင်းပြတော့ ကျနော်လည်း နဲနဲ ဖြုံသွားတယ်။ ဒါနဲ. သမီးက ဆက်မေးတယ်။ မြန်မာပြည်က သမတက ဘယ်သူလည်းဖေဖေ။ ကျနော်က သူနားလည် မယ်ထင်တဲ့ ဥပမာ နဲ. ရှင်းပြလိုက်တယ်။ နားလည်တယ် နားမလည်ဘူး ကတော့ အတော်ခက်တယ်ဗျာ။ တကယ်လို. များ မိတ်ဆွေတို. ခလေးက အဲလိုမေးရင် ခင်ဗျားတို. ဘယ်လို ရှင်းပြ မလည်းဆိုတာနဲ. ကျနော်ဘယ်လို ရှင်းပြ သင်.သလည်းလို. တဆိတ်လောက် အကြံပေးပါလား ဗျာ။
လေးစားစွာဖြင့်
ချစ်မ၀ ဖေဖေ

ခွေးမလေး ချစ်မဝ


ဖေဖေ့ အလုပ်ကို အလည်လိုက်သွား တုံးက ခွေးမျက်နှာ ဖုံး နဲ. ရိုက်ထားတဲ့ ဓါတ်ပုံလေ။ ခွေးမလေး ချစ်မ၀ ပေါ့။

သမီး ဆိုတဲ. ကကြီး ခကွေး သီချင်း

Saturday, February 7, 2009

နှင်းတွေ ကြားက ချစ်မ၀လေးပေါ.

ဆောင်းရာသီဆို နှင်းတအားကျတာ။ လာလည်ပါလား။ နှင်းတွေနဲ.ဆော့ရတာ အရမ်းပျော်ဖို. ကောင်းတယ် သိလား...........

ဖေဖေနဲ. ဘိုးလင်း ကစားတုံးက


အရမ်းပျော်တယ်။ အဲဒီနေ.က ဖေဖေက ဘိုးလင်း လိုက်ပို.တယ်လေ

ကျနော်တို. သမီးလေး ချစ်မဝ

သမီး နံမည်က ချစ်မ၀။ နော်ဝေ နိုင်ငံ ထရွန်ဟိုင်းမှာနေတယ်။ အခု စတ္တုထတန်းရောက်နေပြီ။ သမီးက သင်္ချာ တွက်ရတာ ပျော်တယ်။ အားရင် တီဗွီကြည့်တယ်။ စာဖတ်တယ်။ တခါတလေ နှင်းတွေကျရင် စကိတ်စီးတယ်။ နေ.တိုင်းလုပ်တဲ့ အလုပ်က အဖေနဲ. အမေကို ချွဲတယ်ပေါ့။ အဖေက သမီး နံမည်ဌားပြီး အခုဘလော့မှာ ကလေးတွေ အတွက် ဆိုပြီး တောင်ရေး မြောက်ရေးလုပ်နေတယ်။